လွယ်ကူချောမွေ့တဲ့ ငွေပေးချေမှုတိုင်းအတွက် တစ်ခုတည်းသော Mobile Wallet

Wave အက်ပလီကေးရှင်းဆိုတာ သုံးစွဲသူတွေအတွက် လွယ်ကူလျင်မြန်တဲ့ ငွေပေးချေခြင်းဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး တစ်နေရာတည်းမှာ စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Mobile Wallet ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းရှိရုံနဲ့ အက်ပ်ပလီကေးရှင်းကို ကိုယ်တိုင်ဒေါင်းလုတ်ရယူပြီး စာရင်းသွင်း အကောင့်ဖွင့်ကာ အသုံးပြုနိုင်ပါတယ်။ Wave အက်ပ်နဲ့ဆိုရင် ငွေလွှဲ/ငွေထုတ်ခြင်း၊ Wave အေးဂျင့်များနှင့် ချိတ်ဆက်ပြီး ငွေပို့/ငွေလက်ခံခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေပေးချေခြင်း၊ ခရီးသွားလက်မှတ်အတွက် ငွေပေးချေခြင်း စတဲ့ ဝန်ဆောင်မှုတွေအပါအဝင် တခြားငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ လုံခြုံမြန်ဆန်တဲ့ Wave အက်ပ်က သင့်ရဲ့ ငွေလွှဲလုပ်ငန်းစဉ်တိုင်းကို လွယ်ကူအဆင်ပြေစေမှာပါ။

ပိုမိုကောင်းမွန်သော မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုရဲ့ အကျိုးကျေးဇူးတွေကို ခံစားလိုက်ပါ

မြန်ဆန်လွယ်ကူချောမွေ့ခြင်း
မြန်ဆန်လွယ်ကူချောမွေ့ခြင်း

ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း ဘေလ်ပေးဆောင်ခြင်းအစရှိတဲ့ ငွေပေးချေခြင်း ...

မြန်ဆန်လွယ်ကူချောမွေ့ခြင်း
မြန်ဆန်လွယ်ကူချောမွေ့ခြင်း

ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း ဘေလ်ပေးဆောင်ခြင်းအစရှိတဲ့ ငွေပေးချေခြင်းဝန်ဆောင်မှုတွေကို နေရာမရွေး အချိန်မရွေး မိုဘိုင်းဖုန်းကနေ တစ်ဆင့် အလွယ်တကူပြုလုပ်နိုင်ပါတယ်။

လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ခြင်း
လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ခြင်း

အဆင့်မြင့်လုံခြုံရေးစနစ်များ ပါရှိခြင်းကြောင့် ငွေလွှဲလုပ်ငန်းစဉ်တိုင်းအတွက် ...

လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ခြင်း
လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ခြင်း

အဆင့်မြင့်လုံခြုံရေးစနစ်များ ပါရှိခြင်းကြောင့် ငွေလွှဲလုပ်ငန်းစဉ်တိုင်းအတွက် လုံခြုံစိတ်ချမှုကို ရရှိစေပါတယ်။

လူတိုင်းအသုံးပြုနိုင်ခြင်း
လူတိုင်းအသုံးပြုနိုင်ခြင်း

ဘဏ်အကောင့်မလိုဘဲ မိုဘိုင်းဖုန်းရှိရုံနဲ့ အေးဂျင့်များမှတစ်ဆင့် ...

လူတိုင်းအသုံးပြုနိုင်ခြင်း
လူတိုင်းအသုံးပြုနိုင်ခြင်း

ဘဏ်အကောင့်မလိုဘဲ မိုဘိုင်းဖုန်းရှိရုံနဲ့ အေးဂျင့်များမှတစ်ဆင့် ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ပါတယ်။

အကုန်အကျသက်သာခြင်း
အကုန်အကျသက်သာခြင်း

ဘဏ်မှာ တန်းစီစောင့်ဆိုင်းရန်မလို၊ ကိုယ်တိုင်သွားဖို့မလိုတဲ့ လွယ်ကူအဆင်ပြေတဲ့ ...

အကုန်အကျသက်သာခြင်း
အကုန်အကျသက်သာခြင်း

ဘဏ်မှာ တန်းစီစောင့်ဆိုင်းရန်မလို၊ ကိုယ်တိုင်သွားဖို့မလိုတဲ့ လွယ်ကူအဆင်ပြေတဲ့ ငွေပေးချေမှုစနစ်ကြောင့် အချိန်ကုန်၊ ငွေကုန် သက်သာစေပါတယ်။

Wave အက်ပလီကေးရှင်းမှာပါဝင်တဲ့ လုပ်ငန်းစဉ်များ

Wave အကောင့်သို့ ငွေလွှဲခြင်း

ဖုန်းနံပါတ်ဖြင့် Wave အကောင့်ဖွင့်ထားသူတိုင်းထံ အလွယ်တကူ ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲလုပ်ငန်းစဉ်သည် မြန်ဆန်၊ ချောမွှေ့၊ လုံခြုံပြီး ငွေလွှဲလက်ခံသူဆီ ချက်ချင်းရောက်ရှိစေမှာပါ။

Wave အေးဂျင့်သို့ ငွေလွှဲခြင်း

Wave အကောင့်မရှိသူတွေအနေနဲ့လည်း မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် ရှိရုံနဲ့ မည်သည့်အေးဂျင့်ဆိုင်မှာမဆို ငွေလွှဲ၊ ငွေထုတ်ပြုလုပ်နိုင်ပါတယ်။ ယခုနည်းက Wave အကောင့်မဖွင့်ရသေးသူတွေဆီ ငွေလွှဲနိုင်ဖို့ ရိုးရှင်းလွယ်ကူပြီး စိတ်ချရတဲ့နည်းလမ်းတစ်ခုပါ။

ဖုန်းဘေလ်ဖြည့်ခြင်း

Wave အက်ပ်နဲ့ မိုဘိုင်းလက်ကျန်ငွေဖြည့်ခြင်း သို့မဟုတ် ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ မိုဘိုင်းဖုန်းနံပါတ်ဖြင့် ဘေလ်ထည့်ချင်တဲ့ပမာဏ သို့မဟုတ်  လိုချင်တဲ့ ဒေတာပက်ကေ့ချ်ကို ရိုက်ထည့်ပြီး စက္ကန့်ပိုင်းအတွင်း ငွေဖြည့်ကာ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ပါတယ်။

ငွေသွင်းခြင်း (Wave အကောင့်)

သင့် Wave  အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ရိုးမဘဏ် Flexi Everyday အကောင့် သို့မဟုတ် CB Special အကောင့် သို့မဟုတ် MPU ကတ်တွေကတစ်ဆင့် ငွေသွင်းနိုင်ပါတယ်။ လွယ်ကူစွာ ငွေကြေးစီမံခန့်ခွဲနိုင်ဖို့ မြန်ဆန်ချောမွေ့တဲ့ ငွေသွင်းဝန်ဆောင်မှုအတွေ့အကြုံကို Wave အက်ပ်နှင့်အတူ ရယူလိုက်ပါ။

ငွေထုတ်ခြင်း (Wave Shop)

တရားဝင်သတ်မှတ်ထားသော မည်သည့် Wave အေးဂျင့်ဆိုင်မှာမဆို လိုအပ်သလို လျင်မြန်၊စိတ်ချစွာ ငွေထုတ် ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

QR Code နဲ့ ငွေပေးချေခြင်း

သင့်ရဲ့ Wave အကောင့်မှတစ်ဆင့် မြန်ဆန်ကာ ထိတွေ့မှုကင်းတဲ့ ငွေလွှဲ၊ငွေထုတ်အတွေ့အကြုံအတွက် QR code ကို Scan ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်။

ရိုးမဘဏ်နှင့် ချိတ်ဆက်ခြင်း

Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်ကို ချိတ်ဆက်ပြီး သင့်မိုဘိုင်းပိုက်ဆံအိတ်ရဲ့ လက်ကျန်ငွေကို စီမံနိုင်မယ့်အပြင် သင့် Wave အကောင့်နဲ့ ဘဏ်အကောင့်ကြား ချောမွေ့စွာငွေလွှဲနိုင်ပြီး အေးဂျင့်များ၊ ATM စက်များနှင့် ဘဏ်ခွဲများမှတစ်ဆင့်လည်း အလွယ်တကူ ငွေထုတ်ယူနိုင်ပါတယ်။

CB ဘဏ်နှင့် ချိတ်ဆက်ခြင်း

Wave အကောင့်နဲ့ CB ဘဏ်အကောင့်ကို ချိတ်ဆက်ပြီး သင့်မိုဘိုင်းပိုက်ဆံအိတ်ရဲ့ လက်ကျန်ငွေကို စီမံနိုင်မယ့်အပြင် သင့် Wave အကောင့်နဲ့ ဘဏ်အကောင့်ကြား ချောမွေ့စွာငွေလွှဲနိုင်ပြီး အေးဂျင့်များ၊ ATM စက်များနှင့် ဘဏ်ခွဲများမှတစ်ဆင့်လည်း အလွယ်တကူ ငွေထုတ်ယူနိုင်ပါတယ်။

ဘေလ်ဆောင်ခြင်း

Wave အက်ပ်မှတစ်ဆင့် အထွေထွေသုံးဘေလ် နဲ့ အခြားသော ဝန်ဆောင်မှုဘေလ်များကို အချိန်မီ တိုက်ရိုက် အလွယ်တကူ ပေးဆောင်နိုင်ပါတယ်။

ခရီးသွားလက်မှတ်ဝယ်ယူခြင်း

Wave အက်ပ်ရဲ့ လုံခြုံတဲ့ငွေပေးချေမှုစနစ်နဲ့အတူ ကားလက်မှတ်၊ လေယာဉ်လက်မှတ် နဲ့ ဟိုတယ် booking တင်တာတွေကို တိုက်ရိုက် ပြုလုပ်နိုင်ပါတယ်။

ငွေပေးချေမှုမှတ်တမ်း

ယခင်က ငွေပေးချေလွှဲပြောင်းမှုများအတွက် Wave အက်ပ်မှာ ငွေလွှဲမှတ်တမ်းကို ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

Device Authorization

Device Authorization စနစ်က သုံးစွဲသူတွေရဲ့ Wave အကောင့်ကို ပိုမိုလုံခြုံပြီး တရားမဝင် ဝင်ရောက်သုံးစွဲမှုမှ ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ အကောင့်တစ်ခုကို ဖုန်းတစ်လုံးနဲ့သာ ချိတ်ဆက်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒီစနစ်က သင့်အကောင့်ကို ဖုန်းအသစ်သို့လွှဲပြောင်းတဲ့အခါ ပိုမိုလုံခြုံမှုရှိစေမှာပါ။

Wave အကောင့်ကို ဘယ်လိုဖွင့်ရမလဲ?

Wave အက်ပ်ကို App Store မှာ ဒေါင်းလုတ်လုပ်ပြီး အက်ပ်ထဲမှာပြထားတဲ့ အဆင့်တွေအတိုင်း စာရင်းသွင်းပါ။ မိနစ်ပိုင်းအတွင်းအကောင့်တစ်ကောင့်ဖွင့်ဖို့ မှတ်ပုံတင်နံပါတ်နဲ့ ဖုန်းနံပါတ်တစ်ခုပဲလိုပါတယ်။ အကောင့်ဖွင့်ပြီးတာနဲ့ နေရာမရွေး အချိန်မရွေး ငွေကြေးဝန်ဆောင်မှုများစွာကို ရယူနိုင်ပါပြီ။

အက်ပ်ကို ဒေါင်းလုတ်လုပ်ပြီးတဲ့အခါ ကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုပြီး Wave အကောင့်ဖွင့်နိုင်ပါတယ်။ ပြုလုပ်ရမယ့်အဆင့်တွေကို အောက်မှာ ဆက်ကြည့်လိုက်ရအောင်။

 

Visit to user guide

Wave အကောင့်ထဲကို ငွေဘယ်လိုသွင်းရမလဲ?

အနီးဆုံး Wave ဆိုင် သို့မဟုတ် သင့် Wave အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ရိုးမဘဏ် Flexi Everyday အကောင့်၊ CB ဘဏ် Special အကောင့် သို့မဟုတ် MPU ကတ်တို့မှတစ်ဆင့် ငွေလွှဲပြီး Wave အကောင့်ထဲကို ငွေသွင်းနိုင်ပါတယ်။ အက်ပ်ထဲကညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ပြီးတာနဲ့ သင့်အကောင့်ထဲက ငွေရောက်ရှိသွားတာကို တွေ့ရမှာပါ။ Wave အကောင့်ထဲကို လွယ်ကူချောမွေ့စွာ ငွေသွင်းနိုင်ဖို့နဲ့ ငွေပေးချေမှုများကို စီမံနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

Visit to user guide

Wavemoney © 2025. All rights reserved.Developed by B360

chat icon